Drawing Sketch

ခုရက်ပိုင်း ဘာရယ် မဟုတ်ဘူး အိမ်မှာတူမ ပုံဆွဲနေတာတေမြင်နေတွေ့နေရနဲ့ facebook youtube မှာ sketch ပုံဆွဲတာတွေ မြင်ပီ အဲ ဗီဒီယိုတွေတိုင်းလိုက်ဆွဲကြည့်ရင်း ပိုးကဝင်သွားတယ်။
ငယ်ငယ်တုန်းတည်းကတော့ ပုံဆွဲစိတ်ဝင်စားပေမယ် အဲလောက်ထိတော့ မဟုတ်ဖူးပေါ့..

ခုတော့ တူမ ခဲတံတွေစာရွက်တေ ယူဆွဲကြည့်ရာကနေ ဆွဲရင်းဆွဲရင်း sketch box set ပါ ဝယ်ပီး သေချာကို လိုက်ဆွဲနေပြီ instagram မှာပါ #fidosketch ဆိုပီး လုပ်ထားပီး ဆွဲမိသမျှပုံတေ collection အနေနဲ့ သိမ်းထားဖြစ်တယ်။

အကြောင်းအမျိုးမျိုးကြောင့် မီးမရှိ အင်တာနက်မရှိတဲ့အချိန်မျိုး ဒါမှမဟုတ် တနေ့ကုန် code ရေးပီး computer နဲ့မခွာနိုင်တဲ့အချိန် တွေမှာ စာရွက်ခဲတံလေးသုံးပြီး ပုံလေးတွေ ထိုင်ဆွဲနေချင်ရုံစိတ်ကူးလေးဖြစ်နေလို့ ပိုလေ့လာမိပြီး ပိုဆွဲနေမိတယ်။ Ipad တေ ဘာညာ digital တွေနဲ့ဆွဲတာမျိုးလည်း မကြိုက်ဘူး အရောင်ပါတယ်လည်း မကြိုက် စာရွက်နဲ့ ခဲတံနဲ့ကိုပဲ ပိုပီး သဘောကျနေမိတယ်။

ဆွဲထားသမျပုံတွေ အားပေးချင်တယ်ဆိုရင်လည်း Instagram မှာ fidosketch #fidosketch ကို follow လုပ်ပေးသွားပါအုံး

Leave a Reply

Your email address will not be published. Required fields are marked *