Crypto currency

Crypto currency အဓိကလူသိများတာတော့ bitcoin ပေါ့ သိတာတော့ ကြာပါပြီး မသုံးဖြစ်မလေ့လာဖြစ်ခဲ့ဘူး။ crypto currency အများကြီး ရှိတဲ့ထဲ Bitcoin က တန်ဖိုး အမြင့်ဆုံးမို့လည်း သူက နာမည်ကြီးတာပေါ့ အတက်အကျလည်း ကြမ်းတယ် ပြောရမယ်။

ဟိုတလောကမှ ATM ကနေပိုက်ဆံကလည်း ထုတ်မရ ထုတ်ရခက်နဲ့ ကိုယ်စုထားတာလေးတွေလည်း အလကားအဖြစ်မခံနိုင်နဲ့ လိုက်ကြည့်ရင်း bitcoin မှာဝယ်စုထားမယ် နောက်တော့ ပြန်ရောင်းလို့ရမယ်ဆိုပြီး Binance မှာ စဝယ်ဖြစ်တယ်။
စဝယ်တဲ့ချိန်ကတော့ စျေးတက်နေတဲ့ချိန် ဘုမသိကိုးမသိနဲ့ဝယ်လိုက်မိပြီး စျေးက တပတ်အတွင်းအဝေးစိထိထိုးကျသွားတယ်။ ဒီတိုင်းပဲထားလိုက်ပြီ သေချာလေး လိုက်လေ့လာကြည့်မိပီ P2P trade မှာ ကိုယ်ဘဏ်အကောင့်နဲ့ အရောင်းဝယ်လွယ်လွယ်ကူကူ လုပ်လို့ရတာတွေ့လာတယ်။

နောက်တခု ထပ်တွေ့တာကတော့ USDT ဆိုတာ သူကတော့ USD နဲ့စျေးတူတူပဲ ကွာမှ နည်းနည်းပဲ bitcoin BTC လိုလည်း စျေးအတက်အကျ မကြမ်းဘူး ငြိမ်တယ် ပြောလို့ရတာပေါ့ မြန်မာငွေစျေးအတက်ကျပဲရှိတာပေါ့။ အပြင်မှာ dollar ဝယ်စုသလိုပဲပေါ့။ အဲဒါနဲ့ပဲ binance မှာ USDT တွေမုန့်ဖိုးစုသလို နည်းနည်းချင်း ဝယ်ထားလိုက်တယ်။

Bitcoin BTC စျေးတွေအတက်အကျနဲ့ဘယ်လိုလုပ်လို့ရနိုင်မလည်းရှာရင်းလေ့လာရင်း နည်းလမ်းတခုက ထပ်တွေ့ပြန်တယ်။ bitcoin ဆိုတာမှာ coin အမျိုးမျိုးရှိတယ် ခုနပြောတဲ့ USDT လိုပေါ့ USDT BTC BNB ETH ဆိုပီ အများကြီးရှိတယ် သူက တခုနဲ့တခုကို convert လုပ်လို့ရတယ် မြန်မာငွေ ဒေါ်လာလို exchange တန်ဖိုးတော့ရှိတာပေါ့။ အဲတော့ ဘာလုပ်လည်းဆိုတော့ bitcoin BTC စျေးတော်တော်တက်နေရာကနေ နည်းနည်းလေး စကျပီးဆိုတာနဲ့ USDT ကို ရှိသမျ အကုန် convert လုပ်ထားလိုက်တယ်။ ဥပမာ ကိုယ် bitcoin BTC က 0.0001 ပဲထား အဲချိန် USDT 20 ရလိုက်တယ် နောက် bitcoin BTC က တော်တော်လေးစျေးကျနေတဲ့ချိန်ပေါ့ တက်တုန်းက တန်ဖိုးနဲ့ တအားကွာနေလောက်တဲ့ချိန် USDT ကနေ BTC အကုန်ပြန်ပြောင်းလိုက်တယ် အဲချိန်မှာ USDT 20 နဲ့ရတဲ့ BTC တန်ဖိုးက များများရမယ် 0.0002 လောက်ပြန်ရတယ်ပဲထား။
ဟော BTC တန်ဖိုး တဟုန်ထိုးတိုးလာရော တန်ဘိုးတော်တော်တက်လောက်ရင် USDT ပြန်ချိန်းထားလိုက်တယ်။ အဲခါကျ USDT 30 လောက်ဖြစ်ချင်ဖြစ်သွားရောပေါ့ BTC စျေးကျသွားပြန်ရင် ကိုယ်မဆုံးဖူးပေါ့။

ခုတော့ လေ့လာစမ်းသပ်မိသလောနဲ့ BTC to USDT, USDT to BTC နဲ့ bitcoin တန်ဘိုး အတက်အကျပေါ်မူတည်ပြီး convert လုပ်ကြည့်နေရတာပေါ့။တခုတော့ရှိတယ် ကျတဲ့ချိန်ရောင်း တက်တဲ့ချိန်ဝယ်တော့ မလုပ်မိဖို့လိုတယ် ရှုံးရုံပဲရှိမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Up Next:

Google Play In App Purchase With Telenor Bill

Google Play In App Purchase With Telenor Bill