Covid 19 Third wave or Seasonal flu visit to home?

ခုရက်ပိုင်းအတွင်း covid third wave ဟာ တော်တော်လေးကိုမှ မြန်မာ တနိုင်ငံလုံးကိုအကြီးအကျယ် ရိုက်ခတ်နေပါတယ်။ စကစကြောင့် ကုသမူမရှိ ဆေးရုံဆရာဝန်မရှိ ကိုးဗစ်စင်တာတွေမရှိတဲ့အပြင် အောက်စီဂျင်ထောက်ပံမူပါ မရနိုင်ကြပဲ လူသေဆုံးမူတွေအများကြီးကြုံတွေ့နေကြရပါတယ်။

facebook newsfeed တခုလုံးလည်း ဖျားနာတာ အနံပျောက်တာ အောက်စီဂျင်ရှာနေရတာ အောက်စီဂျင် ရှူနေရတာနဲ့ နပန်းလုံးနေကြရပါတယ်။ edit post ဆိုပီး အောက်စီဂျင်ရှာရင်းကနေ မသေဆုံးသင့်ပဲ သေဆုံးသွားရတဲ့လူနာတွေလည်းအများကြီးတွေ့ရလို့ အလွန်စိတ်မကောင်းဖြစ်နေရလို့မှ မဆုံးသေး ပြီးခဲ့တဲ့ 11 July စနေညမှ ကျွန်တော် စဖျားပါတော့တယ်။

စဖျားဖျားချင်တော့ ပုံမှန်အအေးမိတယ်ပဲထင်ခဲ့ပေမယ် အဖျားက တပတ်နီးပါးထိကြာခဲ့ပြီး covid လား seasonal flu လားကို မကွဲခဲ့ပါဘူး။ ဖျားပီးဆိုတော့လည်း ဘာမှန်းမသိ အသိဆရာဝန်ကို အမေက ဖုန်းဆက်မေးပြီးတော့ပဲ လိုအပ်တဲ့ဆေးတွေ သောက်ရတော့တာပေါ့။ လူက နဂိုတည်းက တော်ရုံအနံဆို ခံတက်တာမဟုတ် သိတာမဟုတ်ဘူး အဲတော့ အနံပျောက်လား မပျောက်လားလည်း မခံစားတက်ဘူး။ စားစရာရှိတာစား သောက်စရာရှိတာသာ သောက်ပီး နေလိုက်တာ။ အော် ကိုယ်ပြန်ကောင်းမယ်ကျန်ရုံရှိသေး တအိမ်လုံးအဖျားကူးပီး ဖျားကြပါလေရော။ အမေနဲ့တူမလေးရှိနေတော့ ကိုယ်လည်းစိတ်ပူပီး အနည်းဆုံး oximeter လေးတိုင်းတိုင်းထားရင် စိတ်အေးရပါတယ်ဆိုပြီး လိုက်ရှာတာ မတန်မဆစျေးနဲ့ အမြတ်ကြီးစားတွေနဲ့ပဲ တွေ့နေတယ် oximeter တလုံး ၄၂၀၀၀ နဲ့ ဝယ်လိုက်ရတာပဲ။ တအိမ်လုံးကို တနေ့ လေးခါလောက် လိုက်တိုင်းနေပေးလိုက်တော့တယ် တယောက်မှ ၉၀ ၉၅ အောက်မကျလို့‌တော်သေးတယ် ပြောရမယ်။

ခုတော့ တပတ်ကျော်တဲ့ခုနေ့မှာတော့ ကိုယ်ကတော့ လုံး၀အဖျားမရှိတော့ပဲ ကောင်းနေပေမယ် နှာစေးနှာမွန်း လောက်တွေတော့ရှိနေကြပါတယ်။ တအိမ်လုံးဖျားနေတော့ foodpanda ကိုပဲ အားထားပီး ဝယ်စားနေခဲ့လိုက်တယ်။

ခုချိန်မှာ ပြည်သူအားလုံး အချင်းချင်း မရှိတဲ့လူ အကူညီလိုတဲ့လူတွေကို ကူညီရင်း
ရောဂါကူးဆက်မူတွေ ရပ်တန့်သွားအောင် အိမ်ထဲဂရုတစိုက်နေပီးကပ်ဆိုးကြီးမှကျော်ဖြတ်ပြီး ချစ်ရတဲ့သူတွေအားလုံး တူတူပြန်ဆုံနေနိုင်ကြပါစေ။

ပိုက်ဆံရှိတဲ့လူတွေတောင် ဒုက္ခရောက်နေတာမှ မရှိတဲ့လူတွေအတွက် ကိုယ်ချင်းစားပီး တခါစားအကြံနဲ့ ဆေးဝါး စားသောက်ကုန်တွေ အမြတ်ကြီးစားစျေးတင်မရောင်းကြပါနဲ့တော့။

Leave a Reply

Your email address will not be published. Required fields are marked *