.NET docker image amd64 building on M1

docker ကို macbook m1 မှာသုံးတာ သူဟာသူ M1 မှာ docker image build ပြီး container run တာက ကောင်းကောင်းအလုပ်လုပ်ပေမယ့် image support type က arm ဆိုတော့ အဲ image ကို aws ECS or azure AKS မှာတင်သုံးတဲ့အခါမှ Linux OS ဆိုတော့ docker image က အလုပ်မလုပ်ဘူးဖြစ် ဒါနဲ့ amd64 support image M1 ကနေ ဘယ်လို build လည်းရှာကြည့်ပြီးလုပ်ကြည့်ဖြစ်တယ်

Work From Home 3 years

Work From Home နဲ့ အလုပ်စလုပ်ခဲ့ရတာ အခုဆို သုံးနှစ်ကျော်ရှိရောပေါ့။ မြန်မာမှာ covid positive လူနာ စမတွေ့ခင်အချိန် 2020 March လ ဒုတိယ အပတ်လောက်မှာ အလုပ်ကိစ္စနဲ့ ထိုင်းသွားခဲ့ရပီ ပြန်လာတည်းက quarantine ဝင်တဲ့သဘောနဲ့ အိမ်ကနေ စလုပ်ခဲ့ရာကနေ မြန်မာမှာ Covid first positive လူနာစတွေ့ပြီး မကြာဘူး တရုံးလုံး WFH စခဲ့တာကနေ ခု ချိန်ထိပါပဲ။

AWS Cloud Watch Logging

Programming မှာ log နဲ့ပတ်သတ်ပြီး သုံးစရာအများကြီးရှိကြပါတယ် project server ထဲမှာပဲ txt file နဲ့ log ရိုက်ကြတာလည်းများပါတယ်။ ပြသာနာက ဘယ်ချိန်မှာ ရှိနိုင်လည်းဆို ရိုးရိုး project server ထဲ log4net နဲ့ရိုက်ထားပြီး server က တလုံးထက်ပိုများပြီး load balancer သုံးထားတဲ့အချိန်မျိုးဆို log ကြည့်ချင်ရင် တလုံးပြီး တလုံးဝင်ရှာနေရပါမယ်။

My First Youtube video tutorial (AWS ECS)

တခါတလေ ကိုယ်တိုင် tutorial တွေ လေ့လာတဲ့အခါ စာနဲ့ပုံနဲ့ ရှင်းပြထားတာ ဖတ်ရတာ အဆင်ပြေသလို တခါတလေကျလည်း video တွေကြည့်ရတာ ပိုအဆင်ပြေတယ်။ ကိုယ်တိုင်လည်း tutorial တွေရေးဖြစ်လုပ်ဖြစ်ရင် အဓိက ကိုယ်သိတာ ရှဲချင်သလို ကိုယ်တိုင်လည်း တချိန်မေ့ခဲ့သည်ရှိသော် ပြန်ကြည့်လို့ရအောင် လုပ်ဖြစ်တာ။

Secure boot enable to install Windows 11

ဒီနေ့မှာပဲ windows 11 က official ထွက်လာခဲ့ပါတယ်။ install လုပ်ဖို့ ဖြစ်ဖြစ် windows 10 ကနေ update ဖြစ်ဖို့ဆိုရင် ကိုယ်စက်နဲ့ ကိုက်လား မကိုက်လား pc health check နဲ့စစ်လို့ရပါတယ်။
ဒါက official မထွက်ခင်တည်းက လုပ်ထားပေးတာပါ အဲတည်းက စစ်ကြည့်တာ secure boot မဟုတ်လို့မရဘူးဖြစ်နေခဲ့တာ ကိုယ်လည်း မလုပ်တက်နဲ့ဒီတိုင်းပဲ ထားထားလိုက်တာ ခုနေ့ ထွက်လာတော့ စမ်းချင်တာနဲ့ သေချာလိုက်ကလိကြည့်မှပဲ အိုကေသွားတော့တယ်။

Drawing Sketch

ခုရက်ပိုင်း ဘာရယ် မဟုတ်ဘူး အိမ်မှာတူမ ပုံဆွဲနေတာတေမြင်နေတွေ့နေရနဲ့ facebook youtube မှာ sketch ပုံဆွဲတာတွေ မြင်ပီ အဲ ဗီဒီယိုတွေတိုင်းလိုက်ဆွဲကြည့်ရင်း ပိုးကဝင်သွားတယ်။
ငယ်ငယ်တုန်းတည်းကတော့ ပုံဆွဲစိတ်ဝင်စားပေမယ် အဲလောက်ထိတော့ မဟုတ်ဖူးပေါ့..