My First Youtube video tutorial (AWS ECS)

တခါတလေ ကိုယ်တိုင် tutorial တွေ လေ့လာတဲ့အခါ စာနဲ့ပုံနဲ့ ရှင်းပြထားတာ ဖတ်ရတာ အဆင်ပြေသလို တခါတလေကျလည်း video တွေကြည့်ရတာ ပိုအဆင်ပြေတယ်။ ကိုယ်တိုင်လည်း tutorial တွေရေးဖြစ်လုပ်ဖြစ်ရင် အဓိက ကိုယ်သိတာ ရှဲချင်သလို ကိုယ်တိုင်လည်း တချိန်မေ့ခဲ့သည်ရှိသော် ပြန်ကြည့်လို့ရအောင် လုပ်ဖြစ်တာ။


video tutorial တော့ တခါမှ မလုပ်ဖူးဘူး ကိုယ် presentation skill ကလည်း မကောင်းတော့ နားထောင်ရသူဖို့လည်း ပျင်းဖို့ကောင်းနေမှာ ဒါပေမယ့် ဒီတခုကတော့ video လေးနဲ့ဆို ပိုအဆင်ပြေမယ် ကိုယ်လည်း youtube မှာ channel လေးတခုနဲ့ tutorial လေးတွေ စမ်းလုပ်ကြည့်ချင်လို့ ပထမဆုံး youtube video tutorial စလုပ်ဖြစ်တယ်။
ပထမဆုံး လုပ်ဖြစ်တဲ့ tutorial ကတော့ Deploy dotnet core app on AWS ECS
Dotnet core application တွေကို docker နဲ့ AWS ECS သုံးပြီး deploy လုပ်နည်းလေးပါ။
လိုအပ်တာတွေလည်း ရှိကောင်းရှိနိုင်ပါတယ် ကိုယ်သိလောက် နားလည်သလောက်နဲ့ အတက်နိုင်ဆုံးရှင်းပြထားတာပါ။ tutorial မှာ သုံးသွားတဲ့ command line တွေ docker file တွေကိုလည်း git gist မှာ တင်ထားပေးပါတယ်။

docker file
https://gist.github.com/kyawzaymoore/8d5101d8fbf9e087feba47564df1fdf9
command line
https://gist.github.com/kyawzaymoore/1a3cede704f66c6b657c79da3bf5c8bb

နောက်ပိုင်းမှာလည်း အချိန်ရခဲ့ရင် ခု tutorial ရဲ့ အဆက်အနေနဲ့ အသေးစိတ် တွေ git action သုံးပြီး deploy လုပ်နည်းတွေကို ထပ်လုပ်သွားပါအုံးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Up Next:

Secure boot enable to install Windows 11

Secure boot enable to install Windows 11