AWS Cloud Watch Logging

Programming မှာ log နဲ့ပတ်သတ်ပြီး သုံးစရာအများကြီးရှိကြပါတယ် project server ထဲမှာပဲ txt file နဲ့ log ရိုက်ကြတာလည်းများပါတယ်။ ပြသာနာက ဘယ်ချိန်မှာ ရှိနိုင်လည်းဆို ရိုးရိုး project server ထဲ log4net နဲ့ရိုက်ထားပြီး server က တလုံးထက်ပိုများပြီး load balancer သုံးထားတဲ့အချိန်မျိုးဆို log ကြည့်ချင်ရင် တလုံးပြီး တလုံးဝင်ရှာနေရပါမယ်။

docker သုံးတဲ့ဟာမျိုးဆိုရင်လည်း AWS ECS မှာဆိုရင် သူ deploy task အလိုက် cloud watch မှာ log သွားကြည့်လို့ရပါတယ်။ project code မှာတော့ လွယ်ကူစွာ Console.WriteLine နဲ့တင်ပဲ log ကိုရိုက်ထုတ်လို့ရပါတယ်။ အဲဒီမှာလည်း ပြသာနာတခုက သူ cloudwatch မှာက ECS task စတာနဲ့နေ linq query run တာတွေပါ ရှိနေတဲ့တွက် တခါတလေကျရင် ကိုယ်မရိုက်ထားပဲထွက်နေတာတွေကြောင့် ကြည့်ရတာ ရှုပ်စေပါတယ်။ ဒါကြောင့် EC2 ကို load balancer နဲ့သုံးတာ ဒါမှမဟုတ် ECS သုံးတာမျိုးတွေကျ သီးသန့် log group လေးနဲ့ custom log ရိုက်ထားရင် ကြည့်ရတာ အဆင်ပြေစေမှာပါ။

အဲလိုလုပ်ချင်နေတာလည်းကြာပီမို့ လိုက်လေ့လာကြည့်ရင်း dotnet console နဲ့ပဲ စမ်းထားတာအဆင်ပြေသွားတယ်။ ကိုယ်လည်းနောက်ပြန်သုံးလို့ရ တခြားလူတွေလည်း လေ့လာလို့ရအောင် github ပေါ်မှာတင်ထားလိုက်ပါတယ်။

github repo : https://github.com/kyawzaymoore/AWSCloudWatchLoggingWithAWSSDK

Leave a Reply

Your email address will not be published. Required fields are marked *

Up Next:

My First Youtube video tutorial (AWS ECS)

My First Youtube video tutorial (AWS ECS)